9/16/2012
ချစ်မြတ်နိုးလွန်းသူ၏ နှလုံးသားမှသည်
ဒီဇာတ်ကားမှာ နေမင်း၊ မိုးဟေကို နှင် အခြားသရုပ်ဆောင်ပေါင်းများစွာပါဝင်ထားပါတယ်
9/13/2012
သင့်ရဲ့ အချိန် ၅ မိနစ်လောက်လေး ပေးပြီး ဖတ်စေချင်ပါသည်။
၂၀-၈၀ နိယာမ
လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။
ဂျပန်စာ ကြိုက်သူတွေအတွက် စပယ်ရှယ်အသားတု
9/11/2012
အတူတူဆုံခွင့် (ဇေရဲ)
အတူတူဆုံခွင့် - တေးရေး/ဆို - မောင်ဇေရဲ
သီချင်းစာသားလေးပါထည့်ပေးထားပါတယ်ဗျ
သီချင်းဒေါင်းချင်ရင်
ဒီမှာဗျာ
သီချင်းစာသားလေးပါထည့်ပေးထားပါတယ်ဗျ
သီချင်းဒေါင်းချင်ရင်
ဒီမှာဗျာ
9/06/2012
ချောင်းလှဖို့ကို ( ဇော်ဂျီ )
ဒီချောင်းမှာသာ၊ ကြာပါပေါ့လား။
မဗေဒါ ပြာနွဲ့နှောင်းငဲ့
ချောင်းတန်တန် ရေငန်ရပ်မှာ၊ စွဲတတ်နိုင်အား။
သူ့စိတ်နဲ့ သူ့ကိုယ်။
ချောင်းတစ်ခွင် မြင်သမျှ၊ ချောင်းလှဖို့ကို။
ဘုတ်မက ချိုချင်ချို၊ ဗျိုင်းညိုက အောက်ချင်အောက်။
အုန်းညီနောင် စောင်းချင်စောင်း
ချောင်း ကောက်ချင်ကောက်။
သူ့လမ်းနဲ့ သူ့အမြင်။
ချောင်းဒီရေ နေသမျှ၊ ချောင်းလှဖို့ပင်။
ချောင်းဖျားက ထက်တစ်ခွင်၊
ပင်လယ်က အောက်တစ်လွှား။
စုန်ချည် ဆန်ချည်နဲ့
တစ်လှည့်စီ ဒီသဘော၊ မျောကြ မနား။
ဒီချောင်းမှာသာ၊ ကြာချင်လှလေး။
ကျူရိုးမောင် ရွှေသျှောင်စောင်းငဲ့
ချောင်းတန်တန် ရေငန်ထဲ၊ စွဲချင်လှလေး။ ။
ဇော်ဂျီ
ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း( ၁၉၅၉ - ၁၉၆၀ )
မောပြေဟာသများ
တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည ၁၄လုံးကိုနှိပ်ရင် သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့ အယူတစ်ခုရှိခဲ့တယ်။
တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂ နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်က မိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက
"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... "
၂)
တစ်ခါက ဥရောပဒေသတစ်ခုရဲ့ ညတစ်ညမှာ လူငယ်နှစ်ယောက်ဟာ ဟော်လိုဝင်း ပျော်ပွဲရွှင်ပွဲဆင်နွှဲပြီး အိမ်ပြန်လာခဲ့ကြတယ်။ သူတို့ရဲ့ အိမ်အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုရှိတယ်။
Subscribe to:
Posts (Atom)