9/06/2012

ချောင်းလှဖို့ကို ( ဇော်ဂျီ )


ဒီချောင်းမှာသာ၊ ကြာပါပေါ့လား။

မဗေဒါ ပြာနွဲ့နှောင်းငဲ့

ချောင်းတန်တန် ရေငန်ရပ်မှာ၊ စွဲတတ်နိုင်အား။

သူ့စိတ်နဲ့ သူ့ကိုယ်။

ချောင်းတစ်ခွင် မြင်သမျှ၊ ချောင်းလှဖို့ကို။

ဘုတ်မက ချိုချင်ချို၊ ဗျိုင်းညိုက အောက်ချင်အောက်။

အုန်းညီနောင် စောင်းချင်စောင်း

ချောင်း ကောက်ချင်ကောက်။

သူ့လမ်းနဲ့ သူ့အမြင်။

ချောင်းဒီရေ နေသမျှ၊ ချောင်းလှဖို့ပင်။

ချောင်းဖျားက ထက်တစ်ခွင်၊

ပင်လယ်က အောက်တစ်လွှား။

စုန်ချည် ဆန်ချည်နဲ့

တစ်လှည့်စီ ဒီသဘော၊ မျောကြ မနား။

ဒီချောင်းမှာသာ၊ ကြာချင်လှလေး။

ကျူရိုးမောင် ရွှေသျှောင်စောင်းငဲ့

ချောင်းတန်တန် ရေငန်ထဲ၊ စွဲချင်လှလေး။ ။

ဇော်ဂျီ

ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း( ၁၉၅၉ - ၁၉၆၀ )

မောပြေဟာသများ

တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည ၁၄လုံးကိုနှိပ်ရင် သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့ အယူတစ်ခုရှိခဲ့တယ်။ တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂ နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်က မိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက "လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... " ၂) တစ်ခါက ဥရောပဒေသတစ်ခုရဲ့ ညတစ်ညမှာ လူငယ်နှစ်ယောက်ဟာ ဟော်လိုဝင်း ပျော်ပွဲရွှင်ပွဲဆင်နွှဲပြီး အိမ်ပြန်လာခဲ့ကြတယ်။ သူတို့ရဲ့ အိမ်အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုရှိတယ်။

Bus ကားပေါ်မှ ဟာသများ

တနေ့က မြို့ထဲကို အထည်သွားပို့တယ်။ အထုပ်တွေနဲ့မို့လို့ အဲကွန်းbus ပဲစီးမယ်လို့ ဆုံးဖြတ်ပြီး ၈၆ တက်စီးလိုက်တယ်။ ကားက ဘေးဖက် ၂ ဖက် မျက်နှာချင်းထိုင်စီးရတဲ့ကားဖြစ်နေတယ်။ အထုပ်တွေနေရာချပြီး ခုံမှာ ထိုင်စီးသွားလိုက်တယ်။ လမ်းဆုံမှာ အမျိုးသမိးကြိးတယောက်ရယ် ကလေးတယောက်ရယ် ကောင်မလေးတယောက်တက်လာကြတယ်။ ကျနော်ဘေးမှာ ၂ ယောက်ပဲထိုင်လို့ရတော့ အမျိုးသမီးကြီးနဲ့ ကလေးနဲ့ကထိုင်တယ်။ ကောင်မလေးက သူတို့ရှေ့မှာ မတ်တပ်ရပ်လို့။ သီရိမင်္ဂလာဈေးကျ ငါးရောင်းတဲ့ ကုလားမကြီး လင်ပန်းတွေနဲ့ တက်လာတယ်။ ကောင်မလေး ဘေးမှာ ၀င်ရပ်တယ်။ တဖက်က လင်ပန်းကိုင် တဖက်က လက်ကိုင်ကွင်းကို ကိုင်ပေါ့။ အဲဒီအချိန်မှာပဲ ကလေးရဲ့ ဖိနပ်က ကျွတ်သွားတယ်။ ကောင်မလေးက ကျွတ်သွားတဲ့ဖိနပ်ကို ကောက်ပြီး ကောင်လေးကို စီးပေးနေတုန်း ကားက ၀ုန်းဆို ထွက်သွားတာ ကောင်မလေးလည်း ဟန်ချက်ပျက်ပြီး ဆွဲမိဆွဲရာ ဆွဲတာ သူ့ဘေးက ကုလားမကြီး နို့ကို သွားဆွဲမိလျက်သားဖြစ်သွားတယ်။ ကုလားမကြီးလည်း မည်းနေတဲ့မျက်နှာ နက်သွားတာပဲ။ ကောင်မလေးက သတိဝင်လာတော့မှ အဲ ဆောရီး ဆောရီးဆိုပြီး ပြုံးစိစိဖြစ်ကုန်ကြရော။ နောက်တခါက ကျနော့်အဖြစ်ဗျ။ လူစုံတုန်း ရှင်းပြလိုက်ဦးမယ်။ အိမ်က မော်တာပျက်လို့ အင်းစိန်ကို သွားပိုဖို့ဖြစ်လာတယ်။ သူငယ်ချင်း ကောင်မလေးနဲ့ သွားပို့ကြတယ်။ မော်တာကြီးက တော်တော်လေးတယ်ဗျ။ ကားက သုံးဆင့်လောက်စီးရမှာ။ အိမ်က ထွက်တော့ ဒိုင်နာစီးပြီး တမှတ်တိုင်စိးရတယ်။ ဒိုင်နာလာတော့ ၂ ယောက်သားတက်လိုက်ကြတယ်။လူကအပြည့်ပဲ။ နောက်နားမှာ ရပ်ပြီး မော်တာကို ခြေထောက်ကြားထားလိုက်တယ်။ လက်နှစ်ဖက်ကလည်း အပေါ်တန်းကိုင်ထားတယ်။ ရှေ့မှာ မိန်းမ ၀ ၀ကြီးက ဘေးတန်းကိုင်ပြီး ကုန်းကုန်းကြီး။နောက်မှာ သူငယ်ချင်းကောင်မလေး။ သူက ကားခ ပေးပြိး အမ်းတဲ့ ပိုက်ဆံကို လက်ကကိုင်ထားတယ်။ သူလည်း လက်နှစ်ဖက်မြှောက်ထားတော့ ကျနော်က ပိုက်ဆံကို အိပ်ထဲထည့်ပေးမယ်ဆိုပြီး လှမ်းယူလိုက်တယ်။ ထင်ထားတာက ၂၀၀ တန်ပေးမယ်ထင်တာ။ ၁၀၀ တန်လောက်ပဲအမ်းမယ်ထင်ထားတာ။ အအမ်း ၉၀၀ ဖြစ်နေတော့ ၅၀၀ တန်တဲ့ ၂၀၀ တန်က မိန်းမ၀၀ကြီး နောက်နားကျသွားတယ်။

ခုံရုံး/လွှတ်တော်တိုက်ပွဲမှာ ပြန်ကြားရေးဌာန ကြားညှပ်ပြီ

အခြေခံဥပဒေဆိုင်ရာခုံရုံး နဲ့ လွှတ်တော်အကြား အငြင်းပွားနေတဲ့ ပြည်ထောင်စု အဆင့် ပြဿနာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုဝေဖန်တဲ့ ဆောင်းပါးတစောင် အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာမှာ စက်တင်ဘာ ၂ ရက်နေ့က ပါလာပါတယ်။ “Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ရေးသူက ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ဒု ပါမောက္ခချုပ်၊ ဒေါက်တာမာလာအောင် ဖြစ်ပါတယ်။ ခုံရုံးကမှန်တယ်၊ လွှတ်တော်က မှားတယ်လို့ ဆောင်းပါးက ဆိုပါတယ်။ ပြည်သူ့လွှတ်တော်မှာတော့ ဒီဆောင်းပါးကြောင့် ပွဲဆူသွားပါပြီ။ မှန်ကန်မှု မရှိတဲ့ အမြင်တွေ နဲ့ တင်ပြထားတဲ့ ဆောင်းပါးဖြစ်တယ်လို့ လွှတ်တော်ရဲ့ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် က ပြန်တုံ့ပြန်ပါတယ်။ ဆောင်းပါးရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အရေးပါပုံကို ဖော်ပြထားပြီး၊ အလွယ်တကူ ပြင်ဆင်နိုင်တဲ့ ကိစ္စ မဟုတ်ကြောင်းလည်း ရေးထားတဲ့အတွက် ဆောင်းပါးရှင်ရဲ့ ရည်ရွယ်ချက်၊ ဖော်ပြချက်တွေရဲ့ နောက်ကွယ်မှာ ပယောက တစုံတရာ ရှိနေသလားလို့ ကော်မရှင်က မေးခွန်းထုတ်ထားပါတယ်။ ဒီအချိန်မှာ မီးလောင်ရာ လေပင့်မလုပ်သင့်ကြောင်းလည်း ကော်မရှင်က ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် လွှတ်တော်က ပညာရေးဌာန၊ ပြန်ကြားရေးဌာနတို့ကိုလည်း ဆောင်းပါးအကြောင်း လွှတ်တော်မှာ လာရှင်းဖို့ စာပို့ခဲ့ပါတယ်။ ဆောင်းပါးရှင်ဟာ လက်ရှိတာဝန်ထမ်းနေခြင်း ဟုတ်မဟုတ်?? ပညာရေး ဒု ၀န်ကြီး ဦးအေးကြူက ဒေါက်တာမာလာအောင်ဟာ ဒုပါချုပ်တယောက် ဖြစ်တယ်၊ သို့သော်လည်း ဒီဆောင်းပါးက ပညာရေးဌာနနဲ့ မသက်ဆိုင်ကြောင်း လွှတ်တော်မှာ ဖြေဆိုပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ ထုတ် Venus News Weekly အတွဲ-၄ အမှတ်-၇

ဂျာနယ်ဖတ်ရန်ဒီကိုနှိပ်ပါ

စက်တင်ဘာလ ၆ ရက်နေ့ ထုတ် Hot News Weekly

ဂျာနယ်ဖတ်ရန်ဒီကိုနှိပ်ပါ

စက်တင်ဘာလ ၆ ရက်နေ့ ထုတ် 7Day News ဂျာနယ်

ဂျာနယ်ကိုဒီမှာဖတ်ပါ

ဖြူးမြို့မှာ ရဲဝန်ထမ်း ၂ ဦးက ခေါ်ဆောင်သွားတဲ့ လူငယ်တစ်ဦး သေဆုံး

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့မှာ အခုလ ၁ ရက်နေ့ ညက လူငယ်တစ်ဦးကို ရဲဝန်ထမ်း ၂ ဦးက ခေါ်ဆောင်သွားပြီး ဖြူးဆေးရုံကို လူသေမှုနဲ့ ပို့ခဲ့တဲ့ ကိစ္စအပေါ် အမှုမှန် ပေါ်ပေါက်ဖို့ အတွက် ကာယကံရှင် မိသားစုတွေက သမ္မတဆီကို တိုင်ကြားလိုက်ပါတယ်။ သတင်းအပြည့်အစုံကို ဒီမှာ ကြည့်ပါ။ ရုပ်/သံ နှစ်ခုလုံးပါ ပါတယ်။

စက်တင်ဘာလ (၆)ရက်နေ့ ထုတ် Popular News အတွဲ(၄)၊ အမှတ်(၃၅)

ဂျာနယ်ကိုတော့ဒီမှာဖတ်ပါ

ဆက်သွယ်ရေးဝန်ထမ်းတစ်သောင်းကျော် အရပ်ဘက်သို့ ပြောင်းရမည်ဟု သတင်းများပေါ်ထွက်


ကော်ပိုရေးရှင်း အဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းမည် ဖြစ်၍့  မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းများမှ နိုင်ငံ့ဝန်ထမ်း တစ်သောင်း ကျော်အား အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းများ အဖြစ် ပြောင်းလဲသွား ဖွယ်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက သိရှိရသည်။ သတင်းအပြည့်အစုံဖတ်ချင်ရင်ဒီမှာ

ဝက်လက်မြို့နယ်မှ စပါးစိုက်ခင်းများတွင် အရွက်စားပိုးကျရောက်နေ

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ၀က်လက် မြို့နယ်ရှိ စပါးစိုက် ခင်းများတွင် အရွက်စား ပိုးများကျ ရောက်နေ သောကြောင့် တောင်သူ လယ်သမားများ အခက်အခဲ ကြုံတွေ့နေ ရကြောင်း ဒေသခံများက ဆိုသည်။ ၀က်လက် မြို့နယ်တွင် ၀ါခေါင် လဆန်းပိုင်း မှစ၍ အရွက် စားပိုးများ ကျရောက်ကာ စပါးပျိုး ခင်းများ ဖျက်ဆီး ခံရခြင်းဖြစ်သည်။

လွှတ်တော်တွင်းဆွေးနွေးချက် ပြည့်စုံစွာ ဖော်ပြပေးရန် ပြန် ကြားရေး ၀န်ကြီးဌာနကို တိုက်တွန်း

နေပြည်တော် လွှတ်တော်မှာ ဘာတွေ ဆွေးနွေးနေကြသလဲ ဆိုတာကို
တစ်နိုင်လုံးက ပြည်သူတွေ သိသင့်တဲ့အတွက် ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့ လွှတ်တော်တွင်း ဆွေးနွေးချက်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြဖို့ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဒီကနေ့ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံဖတ်ချင်ရင်ဒီမှာ

လက်ပန်းတောင်းတောင် လူထု နှင့် ခရိုင်ဗကသ အခေါင်းတု (၃) ခု မီးရှို့ပြီး ဆန္ဒပြ


၅-၉-၂၀၁၂ ရက်နေ့ ၂ နာရီခန့်တွင် တရုတ် ၀မ်ပေါင်ကုမ္မဏီနှင့် စီးပွားရေး ဦးပိုင်လီမီတက် ပူးပေါင်း လုပ်ကိုင်သည့် လက်ပန်း တောင်းတောင် ကြေးနီ စီမံကိန်း အတွက် ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ၊ ဆည်တည်း ကျေးရွာများရှိ မတရား သိမ်းပိုက်ခံ ထားရသည့် လယ်ယာမြေများအား ပြန်လည် ရရှိရေး အတွက် တောင်သူ လယ်သမား ဆန္ဒဖော် ထုတ်ပွဲတွင် ခရိုင်ဗကသ ကျောင်းသားများလည်း လာရောက် ပူးပေါင်းပါဝင် ဆောင်ရွက်ရာ ပုဒ်မ ၁၄၄၊ ဦးပိုင်၊ ဦးတရုတ်ကြီး အမည်များဖြင့် လူသေအခေါင်း (၃)ခေါင်း ပုံတူပြုလုပ်ပြီး မီးရှို့ မြေမြုပ်ပွဲ အခမ်းအနားကို တောင်သူလယ်သမား ကျေးရွာ သူကျေးရွာ သားများ ငါးထောင်ခန့်ဖြင့် ကျင်းပခဲ့သည်။

ရုံးချုပ်အပေါ် ဆန္ဒပြပွဲ NLD ပြိုကွဲ အားနည်းအောင် ကြိုးပမ်းခြင်းလို့ ဦးဥာဏ်ဝင်းပြောဆို

မြို့နယ်တချို့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ NLD အဖွဲ့ဝင်တွေရဲ့ ပါတီရုံးချုပ်အပေါ် ဆန္ဒဖော်ထုတ်ပွဲတွေဟာ အင်န်အယ်လ်ဒီပါတီကို ပြိုကွဲအောင် အားနည်းအောင် ကြိုးပမ်းနေကြတာသာ ဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံကိုဒီနေရာမှာဖတ်ပါ

အဝေးပြေးလမ်းပေါ်တွင် အရှိန်မြင့်ကားများကို ရေဒါဖြင့် ဖမ်းတော့မည်

အဝေးပြေး လမ်းတွေပေါ်မှာ ယာဉ်သတ် မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ ယာဉ်တွေကို လက်ဆုပ် လက်ကိုင် ဖမ်းဆီး အရေးယူဖို့ အတွက် ရေဒါစနစ်ကို အသုံးပြုတော့ မယ်လို့ အမြန် လမ်းမကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းက ပြောပါတယ်။---
သတင်းအပြည့်အစုံကို ဒီနေရာမှာဖတ်ပါ


ကူးတို့လှေမှောက်၊ လူအယောက် ၂၀ ကျော်ပျောက်ဆုံး

ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျောချောင်းကို ဖြတ်ကူးတဲ့ ကမ်းမဖြူ ကူးတို့ဆိပ်မှာ မနေ့ နံနက် ၁၁ နာရီလောက်မှာ လှေမှောက်တဲ့အတွက် လူ ၁ ဦး အလောင်းရှာတွေ့ပြီး လူအယောက် ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ပေါက်မြို့နယ် ရဲစခန်းက ပြောပါတယ်။ ပေါက်မြို့ကို ပြန်အ၀င်မှာဖြစ်ပြီး လှေပေါ်မှာ လိုက်ပါလာတဲ့သူတွေထဲက ပညာရေးဌာနမှ ဆရာမ ၅ ဦးမှာ ၁ ဦးကို ကယ်တင်နိုင်ပြီး ၄ ဦးရေထဲ မျောပါသွားခဲ့ပါတယ်။ မနေ့က ညနေပိုင်းမှာ ညောင်ဝန်ပေါက် အစိုးရကျောင်းက ဆရာမ မနှင်းနှင်းဝေရဲ့ အလောင်းကို ရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။ ပေါက်မြို့နယ် ဒေသခံတဦး “လှေသမားက ၆ ယောက်သေတယ်။ အလောင်းရှာမတွေ့သေးဘူး။ over weight ဖြစ်သွားတာပေါ့။ ဆိုင်ကယ် ၅ စီးပါတယ်။ လူက ၄၀ လောက်ရှိမယ်။ ကျောင်းဆရာမ ၅ ဦးပါသွားတာ လှေသမား တဦးက ကယ်နိုင်လို့ တဦးပဲ အသက်ရှင်တယ်။ ကျန်တဲ့ ၄ ဦးမှာ တဦးက အလောင်းရတယ်။ ၃ ဦး အလောင်းမရသေးဘူး။” ပျောက်ဆုံးနေတဲ့ ဆရာမ ၃ ဦးမှာ အင်းတော်ကျေးရွာက ဒေါ်လှသိန်း၊ ဒေါ်ခင်မြတ်နွယ်နဲ့ နံ့သာရွာက ဆရာမတဦးတို့ ဖြစ်ပါတယ်။ မနှစ်က ယောချောင်း၊ ကျောချောင်း ရေကြီးပြီး တံတားတွေကျိုးခဲ့ရာ တံတားတွေကို ပြန်ပြင် မဆောက်နိုင်သေးတဲ့အတွက် ကူးတို့လှေတွေ အသုံးပြုနေရတာလည်း ဖြစ်ပါတယ်။ လှေပေါ် လိုက်ပါလာတဲ့ ခရီးသည်တွေနဲ့ လှေထိုးသား စုစုပေါင်း ၁၇ ဦးသာ အသက်ရှင်ခဲ့တယ်လို့ သိရပြီး မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့ကနေ လှေမှောက်လို့ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်မှာ အိပ်ရာပေါ် ခြင်ဆေးခွေ ထွန်းညှိရာမှ မီး လောင်မှု ဖြစ်ပွား

မန္တလေး၊ စက်တင်ဘာလ ၅

မန္တလေးမြို့တော်ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက်၊ ၆၆လမ်းနှင့် ၆၇လမ်းကြား၊ ယောမင်းကြီးလမ်းနှင့် ဖိုးရာဇာလမ်းကြားရှိ မြစ်ဝါ ပရိဘောဂ စက်ရုံတွင် စက်တင်ဘာ ၅ ရက်နေ့ နံနက် ၂နာရီ ခွဲခန့်က အိပ်ရာပေါ် ခြင်ဆေးခွေ ထွန်းညှိရာမှ မီး
လောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် မီးသတ်ဦးစီးဌာန ထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းနေစဉ် ဖြစ်ပေါ်သော အဆိုပါ မီးလောင်မှုကြောင့် ပေ (၄၀'/၆၀')အကျယ် ထရံကာ သွပ်မိုး(၃)ထပ် အိမ်(၁)လုံး၊ ပေ(၂၅'/၅၀')အကျယ် ထရံကာသွပ်မိုး ၂ ထပ်အိမ် ၁လုံး၊ ပေ (၂၅'/၅၀')အကျယ် တစ်ထပ်အိမ် ၁လုံး၊ ပေ(၃၀'/၅၀')အကျယ် နံကပ်သွပ်မိုး အိမ်(၁)လုံး၊ စုစုပေါင်း အိမ် (၄)လုံး မီးလောင်ခဲ့ပြီး အဆောက်အဦးဆုံးရှုံးငွေကျပ်(၇၃၄၀၀၀၀)သိန်း ကုန်ကျခဲ့ကြောင်း၊ ငွေကျပ် ငါးသောင်းတန်ဖိုးရှိ သစ်ဖြတ်စ (၁၀)တန်နှင့် ဝါပိဿာချိန် (၂၀၀)အတွက် တန်ဖိုးငွေကျပ် နှစ်သောင်း ဆုံးရှုံးခဲ့ကြောင်း ဗဟိုမီးသတ်ဦးစီးမှ သိရှိရသည်။

မီးလောင်မှုဖြစ်ပွားသည့် မြစ်ဝါပရိဘောဂစက်ရုံပိုင်ရှင် ဦးအောင်နိုင် နှင့် ညစောင့် ဦးစိုးနိုင် (၁၉)နှစ် အဘ ဦးလှမင်း တို့အား မန္တလေးမြို့  ပြည်ကြီးတံခွန် အမှတ် (၁၁) အဆင့်မြင့်ရဲစခန်းမှ ပ-၅၂၃/၂၀၁၂ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။