ကျွန်တော်ဒီနေ့တော့အခုတလောအားလုံးလိုလိုခေါင်းရှုပ်ကြရတဲ့ပြသနာလေးတစ်ခုကိုမသိသေးသူများအတွက်
မိမိတို့ရဲ့စက်မှအဲ့လိုမျိုးဖြစ်လာခဲ့လျင်အလွယ်တကူပြင်လို့ရအောင်အာင်ဖော်ပြပေးလိုက်ပါတယ်။ကျွန်တော်တို့
ဒီရက်ပိုင်းInternet Explorer 9 ကို Uplate ပေးလိုက်တဲ့အခါမှာ G-talkမှာမြန်မာဖောင့်မပေါ်ပဲအပေါ်ကပုံ
မှာပြထားသလိုမျိုးလေးထောင့်အတုံးလေးတွေပေါ်နေတာတွေ့ ရပါလိမ့်မယ်။စာရိုက်တဲ့အချိန်မှာလဲမြန်မာဖောင့်ပေါ်
ပါတယ်။ဒါပေမယ့်စာကိုရိုက်ထည့်လိုက်တဲ့အချိန်မှာ G-talk Chat Box ထဲမှာမြန်မာဖောင့်မပေါ်ပဲလေးထောင့်
အတုံးလေးတွေပေါ်နေတာပါ။ကဲမိမိတို့စက်မှာလဲ Update ပေးမိလိုက်လို့အခုလိုမျိုးကြုံလာခဲ့ရင်တော့အောက်
ကနည်းလမ်းလေးတွေအတိုင်းသာလိုက်လုပ်ကြည့်လိုက်ပါခင်ဗျာ.......။
1.အရင်ဆုံးကျွန်တော်တို့ G-talk မှာရှိတဲ့ Setting ကိုနှိပ်လိုက်ပါ။Setting Box လေးကျလာပါလိမ့်မယ်။
2.ပြီးရင် General ထဲကနေ Change Font ကိုနှိပ်လိုက်ပါ။Font မှာ Zawgyi-one မပြောင်းရသေးရင်ပြောင်း
ပြောင်းလိုက်ပါ။ပြီးရင် OK ကိုနှိပ်လိုက်ပါ။
9/02/2012
ဦးကျော်သူ အမေရိကန်နိုင်ငံရှိ သုဿန်များအား လေ့လာမည်
NED အတွက် ဦးကျော်သူ၏ ပြည်ပခရီး National Endowment for Democracy (NED) ဖောင်ဒေးရှင်းသည် ၁၉၈၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီ အရေးနှင့် လူမှုအဖွဲ့ အစည်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လှုပ်ရှားဆောင် ရွက်နေသည့် အမေရိကန် ပြည်ထောင်စု အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည်။
National Endowment for Democracy (NED) ဖောင်ဒေးရှင်းမှ ၂ဝ၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးနှင့် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက် နေသူ (၅) ဦးအား ရွေးချယ်ခဲ့ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ပါဝင်ခဲ့သည်။
ထို့ကြောင့် ၂၉.၈.၂ဝ၁၂ ရက်နေ့ ည (၇း၄၅) နာရီ လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့သည်။ အမေရိကန်နိုင်ငံရှိ သုဿန်များအား လေ့လာရန်အတွက် ကြိုတင်သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ.၉.၂ဝ၁၂ (ကြာသပတေး)နေ့တွင် အမေရိကန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် NED အခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။
သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဆွေးနွေးမှုများပြုလုပ်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး နှစ်ဦးနှင့် ပြည်ပမှ ပြန်လည် ရောက်ရှိ နေသည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦး ABSDF ဗဟိုဥက္ကဌ ဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ အချိန်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့် ခြံအမှတ် ၁၃ တွင် ပြုလုပ်လျှက်ရှိကြောင်း Eleven Media Group အင်တာနက် သတင်းအရ သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် သမ္မတရုံး ဝန်ကြီးနှစ်ဦး ဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်၊ ကိုထွန်းအောင်ကျော် စသည့် အဖွဲ့တို့ပါဝင်ပြီး ဦးလှမောင်ရွှေ၊ ဦးဇာဂနာတို့လည်း ပါဝင်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "နိုင်ငံကို ၂၀၁၁ ခုနှစ် မတ်လကစပြီး အစိုးရ အဖွဲ့သစ်က ပြုပြင်ပြောင်းလဲမှု ဆက်တိုက် လုပ်ဆောင်နေပါတယ်။ အရင်အစိုးရ လက်ထက်မှာ ခင်ဗျားတို့ဟာ Black List ဖြစ်နေပေမယ့် အစိုးရသစ် လက်ထက်မှာတော့ ခင်ဗျားတို့က Black List မဟုတ်တော့ပါဘူး။ အစိုးရသစ် အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်နေတာပါ။ ခင်ဗျားတို့ကလည်း ကျွန်တော်တို့ သိက္ခာမကျအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ တစ်ကိုယ်လုံး ဝင်ဖို့ဆိုတာတော့ ခက်ပါတယ်။ ဆန္ဒမစောပါနဲ့။ ဖြေးဖြေးချင်း ခေါင်းအရင်ဝင်ပါ ပြီးမှ ကိုယ်လုံးဝင်ပါ" ဟု ပြောကြားခဲ့ပါသည်။
အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲကို ကိုမိုးသီးဇွန်နှင့်အဖွဲ့က စက်တင်ဘာ ၃ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် အစိုးရမှ အမည်ပျက်စာရင်း Black List သတ်မှတ် ခံထားရသူများကို စာရင်းမှ ပယ်ဖျက်ပေးခဲ့ရာ ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်နှင့် ကိုထွန်းအောင်ကျော်တို့ အဖွဲ့သည် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့တွင် ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်ဟု Eleven Media Group အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။
ချယ်ရီကား ကိစ္စ တရုတ် ကုမ္ပဏီထံ မြန်မာ အစိုးရ ဖြေရှင်းချက် တောင်း
သြစတြေးလျ နိုင်ငံတွင် ချယ်ရီ (Chery) ကားအပါအ၀င် တရုတ်နိုင်ငံ ထုတ်ကား များတွင် အဆုတ် ကင်ဆာ ဖြစ်စေသော Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ အသုံးပြု ထားခြင်းကို တွေ့ရှိခဲ့သည့် အတွက် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်နိုင်ငံလုပ် ကားများတွင် အဆိုပါ Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ ပါဝင်ခြင်း ရှိ၊ မရှိ ကို တရုတ်နိုင်ငံမှ ကားထုတ်လုပ်သော ကုမ္ပဏီထံ ဖြေရှင်းချက် တောင်းခံ ထားကြောင်း---
သတင်းအပြည့်အစုံကို ဒီနေရာမှာဖတ်ပါ
NLDပါတီလှုပ်ရှားမှုအပေါ်ရွေးကောက်ပွဲ ကော်မရှင် ခေါ်ယူဆွေးနွေး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ လှုပ်ရှားဆောင် ရွက်မှုတွေ ဟာ ပြည်
ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီများ အတွက် ပြဌာန်းထားတဲ့
ဥပဒေတွေနဲ့ မညီညွတ် တာတွေ ရှိနေလို့ လာရောက် ဆွေးနွေး ဖို့ ဖိတ်ခေါ်တာ
ကြောင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်းတို့ဟာ
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ အဖွဲ့ကို မနေ့မနက်ပိုင်းက နေပြည်
တော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက ပြည်တွင်းပြည်ပ သတင်းထောက်များအား ရှင်းလင်းနေစဉ်။
သတင်းအပြည့်အစုံကို ဒီနေရာမှာဖတ်ပါ
မန္တလေးတွင် လ.၀.က သတ်မှတ်ချက်အရ အိန္ဒိယ-ဗမာ များနေ
မန္တလေးမြို့တွင် နေထိုင်သူ အစ္စလာမ် ဘာသာဝင်၊ ဟိန္ဒူဘာ သာဝင်များအား လူဝင်မှုကြီး ကြပ်ရေးရုံးက မှတ်ပုံတင် အသစ်ပြန် လည်ပြု လုပ်ခိုင်းပြီး၊ အိန္ဒိယ- ဗမာ ဟု သတ်မှတ်ခြင်း များရှိနေကြောင်း မြို့ခံများက ဆိုသည်။ အစ္စလာမ် ဘာသာဝင် ဗမာအမျိုး သမီးတစ်ဦး၏ မှတ်ပုံတင်အား လူမျိုးအမည် ပြန်လည်ပြင်ဆင် ပြောင်းလဲရန် အတွက် ---
သတင်းအပြည့်အစုံကို ဒီနေရာမှာ ဖတ်ပါ
ပုသိမ်ရေဘေးသင့်ပြည်သူများအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အလှူငွေသွားရောက်ပေးအပ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့ (စက်တင်ဘာ ၁ရက်) တွင် ရေဘေးသင့် ဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်သို့ သွားရောက်ကာ ရပ်ကွက် တချို့အား အလှူငွေများ ပေးအပ် ခဲ့သည်။
ဒေါ်အောင်ဆန်းစု ကြည်သည် နံနက် ၅ နာရီခွဲတွင်... ရန်ကုန်မြို့မှ ထွက်ခွာလာပြီး ၉ နာရီ ၄၅ မိနစ်တွင် ပုသိမ်မြို့သို့ေ ရာက်ရှိကာ အမှတ်(၁၂) ရပ်ကွက်နှင့် အမှတ်(၁၄) ရပ်ကွက်တို့သို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံပွဲ ပြုလုပ်ပြီးနောက် အလှူငွေ ၁၀ သိန်းကျပ်စီကို ပေးအပ်ခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့ရှိ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့မှ လူထုအား ၁၀ မိနစ်ကြာ မိန့်ခွန်းပြော ကြားခဲ့သည်။---
နောက်ထပ်ပုံများကို ဤနေရာတွင်ကြည့်ပါ
ဓာတ်ပုံများ
နောက်ထပ်ပုံများကို ဤနေရာတွင်ကြည့်ပါ
ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ရေဘေး သွားရောက်ကူညီ
မြန်မာနိုင်ငံမှာ နှစ်စဉ် ကြုံတွေ့နေရတဲ့ ရေဘေးဒုက္ခ
ရဲ့အကြောင်းရင်းတွေကို ရှာဖွေပြီး ရေတိုရေရှည် အစီအစဉ်တွေ ဆောင်ရွက်ဖို့
လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်း ပုသိမ်မြို့ကို ဒီကနေ့
သွားရောက်ပြီး ရေဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာပါ။
"ဒီနေ့ အဓိက လာရတဲ့အကြောင်းရင်းကတော့ ရေဘေးကြောင့်ထိခိုက်သွားတဲ့ ရပ်ကွက်တွေ အခြေအနေကို လာပြီးတော့ လေ့လာဖို့ပါ။ ၁၁ ရပ်ကွက်တောင်မှ ရေကြီးတဲ့ဒဏ်ကို ခံရတယ်လို့ ပြောပါတယ်။ နံပတ်တစ်ကတော့ ဘာဖြစ်လို့ ဒီလို ရေခဏခဏကြီးလဲပေါ့။ မိုးတွင်းတိုင်း ရေကြီးတဲ့ ရပ်ကွက်တွေမှာ အခြေခံ ပြဿနာရှိတယ်။ ဥပမာ ရေကြည်ဦး ရပ်ကွက်ကိုရောက်တဲ့အခါမှာဆိုရင် တာတွေက ကောင်းကောင်း မပံ့ပိုးထားလို့ နှစ်တိုင်းနှစ်တိုင်း ရေတက်တယ်လို့ ကြားရတယ်။ အဲဒီလိုပေါ့။ ရပ်ကွက်အလိုက် ဘာကြောင့်နှစ်တိုင်းနှစ်တိုင်း ဘာကြောင့် ရေကြီးတာလဲဆိုပြီးတော့ ရေရှည်အတွက် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ ကျွန်မတို့ ကြိုးစားစီစဉ်သွားပါမယ်။"
ဒေါ်အောင်ဆန်းစုကြည်ဟာ ပုသိမ်မြို့မှာ ရေဘေးဒဏ် အဆိုးရွားဆုံး ခံရတဲ့ ရပ်ကွက် ၁၁ ခုထဲက ရေကြည်ဦး ရပ်ကွက်နဲ့ အမှတ် (၁၄) ရပ်ကွက်က ပြည်သူတွေကို သွားရောက် တွေ့ဆုံခဲ့ပြီး၊ ရပ်ကွက်နေ ပြည်သူတွေရဲ့ ကျန်းမာရေး ပြဿနာကို အမြန်ဖြေရှင်းပေးဖို့ အတွက် ရပ်ကွက်တစ်ခုကို အရေးပေါ် ရန်ပုံငွေ ငွေကျပ် (၁၀) သိန်း လှုဒါန်းခဲ့ပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့
ရေဘေးဒုက္ခသည်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က
သွားရောက်တွေ့ဆုံနေစဉ်။
"ဒီနေ့ အဓိက လာရတဲ့အကြောင်းရင်းကတော့ ရေဘေးကြောင့်ထိခိုက်သွားတဲ့ ရပ်ကွက်တွေ အခြေအနေကို လာပြီးတော့ လေ့လာဖို့ပါ။ ၁၁ ရပ်ကွက်တောင်မှ ရေကြီးတဲ့ဒဏ်ကို ခံရတယ်လို့ ပြောပါတယ်။ နံပတ်တစ်ကတော့ ဘာဖြစ်လို့ ဒီလို ရေခဏခဏကြီးလဲပေါ့။ မိုးတွင်းတိုင်း ရေကြီးတဲ့ ရပ်ကွက်တွေမှာ အခြေခံ ပြဿနာရှိတယ်။ ဥပမာ ရေကြည်ဦး ရပ်ကွက်ကိုရောက်တဲ့အခါမှာဆိုရင် တာတွေက ကောင်းကောင်း မပံ့ပိုးထားလို့ နှစ်တိုင်းနှစ်တိုင်း ရေတက်တယ်လို့ ကြားရတယ်။ အဲဒီလိုပေါ့။ ရပ်ကွက်အလိုက် ဘာကြောင့်နှစ်တိုင်းနှစ်တိုင်း ဘာကြောင့် ရေကြီးတာလဲဆိုပြီးတော့ ရေရှည်အတွက် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ ကျွန်မတို့ ကြိုးစားစီစဉ်သွားပါမယ်။"
ဒေါ်အောင်ဆန်းစုကြည်ဟာ ပုသိမ်မြို့မှာ ရေဘေးဒဏ် အဆိုးရွားဆုံး ခံရတဲ့ ရပ်ကွက် ၁၁ ခုထဲက ရေကြည်ဦး ရပ်ကွက်နဲ့ အမှတ် (၁၄) ရပ်ကွက်က ပြည်သူတွေကို သွားရောက် တွေ့ဆုံခဲ့ပြီး၊ ရပ်ကွက်နေ ပြည်သူတွေရဲ့ ကျန်းမာရေး ပြဿနာကို အမြန်ဖြေရှင်းပေးဖို့ အတွက် ရပ်ကွက်တစ်ခုကို အရေးပေါ် ရန်ပုံငွေ ငွေကျပ် (၁၀) သိန်း လှုဒါန်းခဲ့ပါတယ်။
Subscribe to:
Posts (Atom)