မန္တလေး၊ စက်တင်ဘာလ ၅
မန္တလေးမြို့တော်ပြည်ကြီးတံခွန်မြို့နယ်
(ဈ)ရပ်ကွက်၊ ၆၆လမ်းနှင့် ၆၇လမ်းကြား၊ ယောမင်းကြီးလမ်းနှင့်
ဖိုးရာဇာလမ်းကြားရှိ မြစ်ဝါ ပရိဘောဂ စက်ရုံတွင် စက်တင်ဘာ ၅ ရက်နေ့ နံနက်
၂နာရီ ခွဲခန့်က အိပ်ရာပေါ် ခြင်ဆေးခွေ ထွန်းညှိရာမှ မီး
လောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် မီးသတ်ဦးစီးဌာန ထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းနေစဉ်
ဖြစ်ပေါ်သော အဆိုပါ မီးလောင်မှုကြောင့် ပေ (၄၀'/၆၀')အကျယ် ထရံကာ
သွပ်မိုး(၃)ထပ် အိမ်(၁)လုံး၊ ပေ(၂၅'/၅၀')အကျယ် ထရံကာသွပ်မိုး ၂ ထပ်အိမ်
၁လုံး၊ ပေ (၂၅'/၅၀')အကျယ် တစ်ထပ်အိမ် ၁လုံး၊ ပေ(၃၀'/၅၀')အကျယ်
နံကပ်သွပ်မိုး အိမ်(၁)လုံး၊ စုစုပေါင်း အိမ် (၄)လုံး မီးလောင်ခဲ့ပြီး
အဆောက်အဦးဆုံးရှုံးငွေကျပ်(၇၃၄၀၀၀၀)သိန်း ကုန်ကျခဲ့ကြောင်း၊ ငွေကျပ်
ငါးသောင်းတန်ဖိုးရှိ သစ်ဖြတ်စ (၁၀)တန်နှင့် ဝါပိဿာချိန် (၂၀၀)အတွက်
တန်ဖိုးငွေကျပ် နှစ်သောင်း ဆုံးရှုံးခဲ့ကြောင်း ဗဟိုမီးသတ်ဦးစီးမှ
သိရှိရသည်။
မီးလောင်မှုဖြစ်ပွားသည့် မြစ်ဝါပရိဘောဂစက်ရုံပိုင်ရှင်
ဦးအောင်နိုင် နှင့် ညစောင့် ဦးစိုးနိုင် (၁၉)နှစ် အဘ ဦးလှမင်း တို့အား
မန္တလေးမြို့  ပြည်ကြီးတံခွန် အမှတ် (၁၁) အဆင့်မြင့်ရဲစခန်းမှ ပ-၅၂၃/၂၀၁၂
ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
No comments:
Post a Comment